Yoga For Moms

About Course
အလုပ်တစ်ဖက်၊ သားသမီးတစ်ဖက်နဲ့ Strong Mom ဖြစ်စေဖို့
မေမေတို့ရေ… သားသမီးတစ်ယောက်ကနေ နှစ်ယောက်ဖြစ်လာတဲ့အခါ မေမေတို့ရဲ့စိတ်သောကတွေ၊ အဆင်မပြေမှုတွေပိုလာတတ်တာသဘာဝပါပဲနော်။ အငယ်လေးမွေးပြီးချိန် Baby Blues ကိုခံစားရတတ်သလို သားကြီးသမီးကြီးကိုလည်း သနားတာတစ်ဖက်၊ အရင်လိုမေတ္တာအပြည့်ပေးချင်တာတစ်ဖက်နဲ့ပေါ့။
တစ်ခါတလေမှာလည်း အငယ်လေးကတစ်ဖက်နဲ့ အကြီးတွေကို စိတ်မရှည်နိုင်ဘဲ အော်မိတတ်ပြန်ပါသေးတယ်။ ပြီးတော့မှ စိတ်မကောင်းတွေဖြစ်၊ ပြန်ထွေးပွေ့မိတဲ့အဖြစ်တွေနဲ့လေ။
ပြီးတော့ ကလေးမွေးပြီးချိန်မှာ ကျန်းမာခြင်းနဲ့ကျစ်လစ်တဲ့အလှကိုပြန်လိုချင်မိတာကလည်း မိန်းမသားတိုင်းပါပဲနော်။ ငါပိုသန်မာမှဖြစ်တော့မယ်ဆိုတဲ့အသိတွေကလည်းထိုးနှက်လို့ နေပြန်သေးတယ်။
ဒီလိုပြဿနာတွေကို ပြေလည်စေဖို့အတွက်တော့ ယောဂကအသင့်တော်ဆုံးပါပဲ။ ယောဂလေ့ကျင့်ခြင်းက ကိုယ်ခန္ဓာအတွက်ကျန်းမာခြင်း၊ ခွန်အားပြည့်စေခြင်းအပြင် ကိုက်ခဲနာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။ တဖြည်းဖြည်းနဲ့ပျော့ပျောင်းသော၊ ပုံပန်းကျနသော ခန္ဓာကိုယ်ကိုပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။
စိတ်တည်ငြိမ်မှုနဲ့အတူ ဘဝကပိုအဓိပ္ပါယ်ရှိလာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းမှန်မှန်ကန်ကန်ချစ်တတ်လာစေပါတယ်။ စိတ်တည်ငြိမ်အေးချမ်းလာတဲ့အတွက် ခင်ပွန်းသည်နဲ့ဆက်ဆံရေး၊ သားသမီးနဲ့ဆက်ဆံရေးမှာလည်း ပိုပြီးအဆင်ပြေလာစေပါတယ်။
စိတ်အင်အား၊ ကိုယ်ခန္ဓာအင်အားပြည့်ဝလာတဲ့အတွက် အလုပ်တွေပိုလုပ်လာနိုင်ပြီး Strong Mom တစ်ယောက်အဖြစ်ပုံပေါ်လာစေမှာဖြစ်ပါတယ်။
ယောဂကိုစိတ်ဝင်စားတဲ့မေမေတို့အတွက် UFit ရဲ့ Yoga For Mom Series လေးကို လေ့ကျင့်ကြမယ်။
Course Content
INSTRUCTOR: SHWE PONE MYAT
-
Introduction by Shwe Phone Myat
01:54 -
Hatha Beginner – 1
31:54 -
Hatha Beginner – 2
44:39