ပေါ့ပါးသွက်လက် ပျော်ရွှင်ဖို့ Zumba ကကြစို့

About Course
တက်ကြွလှုပ်ရှားနေရတာကြိုက်တယ်၊ စည်းချက်နဲ့အတူကခုန်ရတာကြိုက်တယ်၊ အဆီလည်းကျချင်တယ်၊ ဆယ်ကျော်သက်လေးတွေကိုပေါ့ပါးချင်တယ်ဆိုရင်တော့ Zumba ကအသင့်တော်ဆုံးပါပဲနော်။ ဂီတချစ်သူတွေအတွက်တော့ Zumba ကတကယ့်နိဗ္ဗာန်ဘုံဖြစ်စေမှာပါ။
Zumba ကဘယ်လိုလူတွေနဲ့သင့်တော်သလဲ၊ ဘယ်အရွယ်တွေနဲ့သင့်တော်သလဲလို့မေးရင် အရွယ်သုံးပါးလုံးနဲ့သင့်တော်တယ်၊ အားလုံးအတွက်အကျိုးရှိတယ်လို့ဖြေရမှာပါ။
-Zumba ဟာ စည်းချက်အညီလှုပ်ရှားရတာမို့ Fun ဖြစ်တယ်။ ငြီးငွေ့စရာမကောင်းဘူး။
– အသက်ကြီးသူ၊ ကိုယ်အလေးချိန်များနေသူတွေလည်း ရွေးချယ်နိုင်တယ်။
-နှလုံးကျန်းမာရေးကောင်းစေတယ်၊ ကြွက်သားနဲ့အရိုးတွေကိုသန်မာစေတယ်။
-စိတ်ဖိစီးမှုတွေကိုဖယ်ထုတ်ပေးပြီး တက်ကြွရွှင်လန်းစေတယ်။
-ပေါ့ပါးသွက်လက်စွာ လှုပ်ရှားသွားလာနိုင်စေတယ်။ ကိုယ်နေဟန်ထားလှပစေတယ်။
-ညောင်းညာကိုက်ခဲမှုတွေ ကင်းဝေးစေပါတယ်။
-Total Body Workout ဖြစ်တာမို့ တစ်ကိုယ်လုံးပျော့ပျောင်းလှပစေပါတယ်။
– Zumba မှာ အသက်အရွယ်ကန့်သတ်ချက်ဆိုတာမရှိပါဘူး၊ Fitness level ဘယ်လောက်ရောက်နေမှလေ့ကျင့်နိုင်တယ်ဆိုတာမျိုးလည်းမရှိတာမို့ တစ်မိသားစုလုံးအတွက်အဆင်ပြေပါတယ်။
ကဲ… ဒီနေ့ပဲ စည်းချက်နဲ့အတူ စလှုပ်ရှားကြည့်ရအောင်လား။
Course Content
Lessons By Elisha
-
Introduction By Elisha
05:17 -
Day 1
33:47 -
Day 2
30:17 -
Day 3
34:06 -
Day 4
31:03 -
Day 5
35:50