A Year of Yoga for Healthy Body & Mind

Uncategorized
Wishlist Share
Share Course
Page Link
Share On Social Media

What Will You Learn?

  • Yoga Postures, Meditation, Breathing Exercises, Chakra Yoga, Basic Yoga Philosophy, Relaxation

Course Content

Yoga Therapy ( Sayar Kyaw Soe)
ဆရာကျော်စိုးသည် မြန်မာနိုင်ငံတွင် Power Yoga ကိုစတင်အခြေချပေးခဲ့သူ၊ Wadi Light Power Yoga ကိုတည်ထောင်ခဲ့သူဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်မှစတင်၍ ကိုရီးယားနိုင်ငံ Power Balance Yoga centre ၌ယောဂပညာကိုသင်ကြားခဲ့ပြီး ထို့နောက်တွင်သင်တန်းများဖွင့်လှစ်ကာ ပြန်လည်သင်ကြားပေးခဲ့သည်။ မြန်မာနိုင်ငံတွင်မူ ၂၀၁၃ မှစ၍ Power Yoga ကိုသင်ကြားပေးခဲ့သည်။ နီပေါနိုင်ငံရှိ Himalayan Yogini Yoga Camp၊ အိန္ဒိယနိုင်ငံရှိ Everest Yoga Institute၊ ထိုင်းနိုင်ငံရှိ True Yoga Centreတို့တွင် ယောဂပညာကိုသင်ယူခဲ့သည်။ Yoga Ailliannce မှ နာရီ ၅၀၀၊နာရီ ၂၀၀ Eryt-Yecep ယောဂဆရာဖြစ်သင်တန်းအောင်လက်မှတ်ကိုရရှိခဲ့ပါသည်။ ထိုင်းနိုင်ငံရှိ Embrace Energy School တွင် Yoga Master အတန်းကိုဆက်လက်သင်ယူခဲ့သည်။ အိန္ဒိယနိုင်ငံ၌ Integrative Physical Medicine Treatment ကိုလေ့လာသင်ယူခဲ့ပြီး အရိုးအကြောခန္ဓာဗေဒဆိုင်ရာကုထုံးပညာဖြင့် ကုသပေးလျက်ရှိသည်။လက်ရှိတွင် အဆင့်မြင့်ယောဂကျင့်စဥ်သင်တန်းများ၊ workshop များကိုလည်း နယ်အနှံ့တွင်လှုပ်ရှားပြုလုပ်နေသည့်အပြင် နိုင်ငံတကာယောဂဆရာသင်တန်းများကိုလည်း သင်ကြားပေးလျက်ရှိပါသည်။

  • Video 1 : ယောဂကုထုံး (၁): ​ဆီးချို၊​သွေးတိုးကာကွယ်ရန်အတွက် ​ယောဂ​လေ့ကျင့်စဥ်
    14:31
  • Video 2 : ယောဂကုထုံး (၂): ​ဇက်ကျီးပေါင်း၊ ခါးကျီး​ပေါင်း၊လက်​မောင်းတင်ရချရခက်ခြင်းသက်သာရန်အတွက် ​ယောဂ​လေ့ကျင့်စဥ်
    26:23
  • Video 3 : ယောဂကုထုံး (၃): ​ခါးနာ​​ဝေဒနာနှင့် တင်ပါးဆုံ​ကြောညှပ်သူများအတွက် ​ယောဂ​လေ့ကျင့်စဥ်
    26:07
  • Video 4 : Daily Stretch For Good Health
    19:52

Applied Yoga Philosophy + Asana ( Teacher Khaing Nyein)
ဆရာမ ခိုင်ငြိမ်း ကတော့ ယောဂရဲ့ အနှစ်သာရတွေကို လက်တွေ့ဘဝနှင့်ချိတ်ဆက်ကာ ကိုယ်တိုင်အေးချမ်းစွာ ဘဝကိုဖြတ်သန်းလျက်ရှိပြီး The ULTIMATE Yoga Studioကိုတည်ထောင်ပြီး ယောဂရဲ့အနှစ်သာရတွေကို မျှဝေပေးနေတဲ့ ယောဂဆရာမတစ်ဦးဖြစ်ပါတယ်။ ဆရာမခိုင်ငြိမ်းသည် ၂၀၁၉ခုနှစ် ဧပြီလမှာ သာယာလှပတဲ့ Mandalayမြို့လေးမှာ The ULTIMATE Yoga Studio ကို စတင်တည်ထောင်ခဲ့ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ယောဂနှင့်သက်ဆိုင်သော အသိပညာများကို မျှဝေသင်တန်းပေးလျက်ရှိပါတယ်။ ဆရာမသည် စင်္ကာပူနိုင်ငံ၌ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်နေရင်း ၂၀၀၉ ခုနှစ်တွင် ယောဂကို စတင်ထိတွေ့လေ့ကျင့်ခဲ့ရာမှ ယောဂနှင့် နှလုံးသားခေါ်သံထပ်တူကျကာ ယောဂပညာလမ်းကြောင်းပေါ်ကို ထဲထဲဝင်ဝင်လျှောက်လှမ်းခဲ့သည်။ ဆရာမသည် ၂၀၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ ရှိ Pranashama Yoga Institute မှ ချီးမြှင့်တဲ့ ဘာလီကျွန်းမှာ နာရီ၃၀၀ ယောဂဆရာဖြစ်သင်တန်းကို ပညာသင်ဆုကို ဆွတ်ခူးကာ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဆရာမသည် ကျေးဇူးတရားမှတ်တမ်းပြုစုခြင်းနှင့် ယောဂနှင့်အတူစီးမျှောခြင်း၊ ကျေးဇူးတင်တန်ဖိုးထားခြင်း နှင့် မေတ္တာတရားတို့ကို နားလည်သိရှိ ကျင့်သုံးခြင်းအားဖြင့် မိမိဘဝရဲ့ အခြေခံ အုတ်မြစ်/ ရှင်သန်ခြင်းရဲ့ အခြေခံအုတ်မြစ် ခိုင်မာလာကာ ကောင်းဆိုး နှစ်တန် လောကဓံကို တည်ငြိမ် ငြိမ်းချမ်းစွာ ရင်ဆိုင်နိုင်သော သတ္တိ ခွန်အား ပြည့်စုံစေခြင်းဟာ ယောဂရဲ့ အနှစ်သာရ နှင့် ဘဝနေနည်း အနုပညာ ဖြစ်တယ်လို့ လေးလေးနက်နက် သက်ဝင် ယုံကြည်သူ တစ်ဦး ဖြစ်ပါတယ်။

Self-care Yoga ( Yoga with Khaing)
မင်္ဂလာပါ ကျွန်မနာမည် ကတော့ ခိုင်ဝသန်ဖြစ်ပါတယ်။ ကျွန်မက ကာတာ နိုင်ငံ, Doha မြို့မှာ ကျွန်မရဲ့ full time job ဖြစ်တဲ့ လေယာဉ်မယ်အလုပ်ကြောင့် အခုလက်ရှိနေထိုင်နေပါတယ်။ ကျွန်မ ယောဂ ကို လေ့ကျင့်သူ အဖြစ် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းကစိတ်ဝင်စားစွာလေ့ကျင့်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့ နှစ်နှစ် ၂၀၁၈ မတ်လမှာတော့ ဘာလီနိုင်ငံ Ubud မြို့မှာ , ယောဂဆရာဖြစ်သင်တန်း 200 Hrs RYT ကို နိုင်ငံ အနှံ့မှာ သင်တန်းများစွာနဲ့ Yoga Philosophy work shops ပေါင်းများစွာ ကို သင်ကြားမျှဝေပေးနေတဲ့ Mark Whitwell ရဲ့ Heart of Yoga ( HOY ) ကနေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ full time job ဖြစ်တဲ့ လေယာဉ်မယ် အလုပ်ကြောင့် ယောဂကို နေ့စဉ် လေ့ကျင့်သူ ( Practitioner ) အဖြစ်နဲ့ပဲ တစ်နှစ်ကျော်လောက်နေခဲ့ပါတယ်။ ၂၀၁၉ နိုဝင်ဘာလမှာတော့ကျွန်မရဲ့ပိုမိုလေ့လာသင်ယူချင်တဲ့ စိတ်ဆန္ဒ, ယောဂဟာ ကျွန်မနှလုံးသားလေးနဲ့ ထပ်တူကျနေတာတွေကြောင့် နောက်ထပ် 200Hrs RYT ကို Onesong Yoga international ရဲ့ ပဲ့ကိုင်ရှင် Denise Payne ဆီမှာသင်ယူ ရရှိခဲ့ပါတယ်။ ဒီသင်တန်း အပြီးမှာတော့ ယောဂကို လေ့ကျင့်သူ အဖြစ်မှ ပြန်လည်မျှဝေ သင်ကြားသူ အဖြစ် အချိန်ပိုင်း ရပ်တည်ခဲ့ပါတယ်။ အခု အချိန်မှာတော့ လက်ရှိ အခြေအနေအရ online Zoom live Yoga session နဲ့ Heart Meditation တွေကို group session, one-one session လုပ်ပြီိးသင်ကြားမျှဝေပေးနေပါတယ်။ Blissful Mettā Flow ဆိုတဲ့ Page လေးမှာလည်းကျွန်မ သင်ယူရရှိထားတဲ့ Yoga Philosophy, Asana practice flow, Heart meditation တွေကို မျှဝေပေးနေပါတယ် ။ ကျွန်မ အတွက်တော့ ယောဂဟာ နှလုံးသားလေးနဲ့ ထပ်တူကျနေတဲ့ အတွက်တော့ ကျွန်မဘဝရဲ့ Passion ပါ။

Hatha Yoga ( Leo) 30 Days Plan
Leo သည် တက္ကသိုလ်ပထမနှစ်ကတည်းက Yoga ကိုစိတ်ပါဝင်စားစွာလေ့လာသင်ယူခဲ့သူဖြစ်သည်။နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မသင်ယူဖြစ်ခဲ့သော်လည်းလွန်ခဲ့သော(၃)နှစ်မှစ၍ Yoga နယ်ပယ်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ထဲထဲဝင်ဝင်လေ့လာခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊Rishikesh မြို့ရှိ World Peace Yoga schoolတွင် နာရီ ၂၀၀ယောဂဆရာဖြစ်သင်တန်း ကိုတက်ရောက်ထားသော instructor တစ်ဦးဖြစ်သည်။ မိမိသင်ကြားသမျှ အတန်းတိုင်းတွင် သင်တန်းသားများကို ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေးသာမက စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးကိုပါ အရေးထား၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနှင့်ဂရုစိုက်သင်ကြားပေးတတ်သူဖြစ်သည်။

Chakra Yoga Series ( Yoga with Claire)
Claire က London Metropolitan University မှ ကွန်ပျူတာနည်းပရာရပ်နဲ့ ဘွဲရရှိခဲ့ပြီး စင်္ကာပူ IT နယ်ပယ်မှာ ၁၀နှစ်ကြာအလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၇ခုနစ်မှာတော့ ငယ်ငယ်ကဖြစ်ပျက်ခဲ့တဲ့ ကိစ္စတစ်ချို့ကြောင့် PTSD (Post Traumatic Stress Disorder) လို့ခေါ်တဲ့ စိတ်ရောဂါ လက္ခာဏာ အမျိုးအစား တစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုအချိန်မှာပဲ Mindfulness နဲ့ ယောဂရဲ့ အထောက်အကူနဲ့ မိမိကိုယ်မိမိ ပြန်လည်ရှာဖွေတွေရှိခဲ့ပါတယ်။ ၂၀၁၇ခုနစ်မှစ Mindfulness နဲ့ Trauma-Informed Yoga ကိုစတင်လေ့လာခဲ့ပါတယ်။ ၂၀၁၉ခုနစ် သြဂုတ်လမှာတော့ သူဝါသနာပါတဲ့ Mindfulness နဲ့ Trauma-Informed Yogaပညာနဲ့ သူလိုပဲ ခံစားခဲ့ဘူးတဲ့ သူတွေကိုကူညီရန် စင်္ကာပူမှ လက်ရှိလုပ်နေတဲ့ Project Manager အလုပ်ထွက်လိုက်ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ Claire ဟာ Trauma-Informed Yoga နဲ့ Mindfulness ကိုသင်ကြားပေးနေပါတယ်။

Yoga for Fit & Strong Body ( Soe Yoga) 21 Days Plan
ဟေမာ ( Soe Yoga) ကအချိန်ပြည့်သူနာပြုအလုပ်လုပ်ရင်းယောဂကိုတစ်စိုက်မတ်မတ်ကျင့်ဖြစ်ရာကနေပြီးယောဂဆရာသင်တန်းကို Nithya Priyan School Of Yoga မှာတက်ရောက်ခဲ့ပြီး RYT 200Hr certificate ကို၂၀၁၉ မှာရရှိခဲ့ပါတယ်။ လက်မှတ်ရပြီးတဲ့နောက်ယောဂကျင့်စဉ်များကိုသင်ယူသူအနေ(yoga student) နဲ့ရောမျှဝေသူ(yoga teacher)အနေနှင့်ပါလေ့လာခဲ့ပါတယ်။ ယောဂကိုမျှဝေရာတွင် asana ကျင့်စဉ် တစ်ခုထဲသာမကပဲ အသက်ရှုနည်း pranayama ၊ သတိရှိမှု mindfulness and awareness တွေကိုပါပူးပေါင်းပြီးကျင့်စေဖို့ အမြဲတိုက် တွန်းပြီးသင်ပေးလေ့ရှိပါတယ်။ လူတိုင်းရဲ့ယောဂခရီးစဉ်ကတစ်ယောက်နှင့်တစ်​ယောက်မတူနိုင်ပေမယ့်အားလုံးအတူတူလေ့ကျင့်နိုင်အောင် variation လေးတွေပေးပြီးမျှဝေပေးနိုင်ဖို့ကဟေမာ့ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။

Student Ratings & Reviews

No Review Yet
No Review Yet
Home
Classes
Free Courses
0
Cart
Account