Weight Loss Yoga

About Course
ကိုယ်အလေးချိန်လျှော့ချဖို့ကြိုးစားရတယ်ဆိုတာ တကယ်တော့မလွယ်ကူပါဘူး။ ကိုယ်လိုချင်တဲ့ Goal ကိုရောက်ရှိဖို့အတွက်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာအပြင် အခြားသောပံ့ပိုးမှုတွေလည်းအများကြီးလိုအပ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့Weight Loss Journey မှာ Fail ဖြစ်သွားတိုင်း ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်မိပါစေနဲ့နော်။
ကိုယ်အလေးချိန်လျှော့ချနေသူတွေရဲ့ပန်းတိုင်ကို ပိတ်ပင်တားဆီးနေတဲ့အရာတွေက အများကြီးပဲရှိနေပါတယ်။ စိတ်မတည်ငြိမ်ခြင်း၊ စိတ်ဓာတ်မခိုင်မာခြင်း၊ လက်တွေ့မကျတဲ့ပန်းတိုင်ထားရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်မုန်းတီးနေမိခြင်း၊ စိတ်ခံစားချက်အတိုင်းစားသောက်တတ်ခြင်း၊ Motivation မရရှိခြင်းတွေက ကိုယ့်ရဲ့ Weight Loss ခရီးစဉ်ကိုအနှောင့်အယှက်ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ဖို့ UFit လိုမျိုး သူငယ်ချင်းတွေရဲ့အကူအညီကိုရယူနိုင်ပါတယ်။
နေ့သစ်မနက်တိုင်းမှာ UFit နဲ့ထိတွေ့မိပြီဆိုရင် ကိုယ့်ပန်းတိုင်ဆီအရောက်သွားဖို့ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီးသားဖြစ်စေပါတယ်။ မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားမှုနဲ့အသက်ရှူလေ့ကျင့်ခန်းတွေ ပြုလုပ်လိုက်တဲ့အခါ စိတ်တည်ငြိမ်မှု၊ စိတ်ကျေနပ်မှုရရှိသွားပြီး တစ်နေ့တာလုံးမှာ မှန်ကန်တဲ့အစားအသောက်ကိုသာရွေးချယ်မိသွားပါလိမ့်မယ်။ UFit နဲ့လေ့ကျင့်ပြီးတိုင်း ကိုယ့်အတွက် Motivation ရလာတာမို့ ကိုယ်လိုချင်တဲ့ Weight Loss ပန်းတိုင်ဆီအမှန်တကယ်ရောက်ရှိသွားနိုင်မှာပါနော်။
Course Content
INSTRUCTOR: SHAN LAR
-
Introduction By Shan Lar
05:57 -
How to Do Vinyasa Flow ( Beginner Friendly)
21:53 -
Vinyasa Flow For Flexibility
49:23 -
Fit Flow ( Beginner Friendly)
31:41 -
Full Vinyasa Flow (Beginner Friendly)
48:15