Mindfulness Yoga

About Course
စိတ်ဖိစီးမှုတွေနဲ့ဖြတ်သန်းရတဲ့နေ့ရက်တွေများနေပြီလား။
အလုပ်ကအဆင်မပြေမှုတွေကို အိမ်အထိသယ်လာမိနေပြီလား။
ဒီလိုကိုယ့်ကို ဒုက္ခရောက်စေတဲ့အကျင့်တွေကိုဖယ်ရှားပြီး တစ်နေ့ပြီးတစ်နေ့စိတ်ချမ်းမြေ့စွာဖြတ်ကျော်နိုင်ဖို့ တစ်နေ့မှာ ၅ မိနစ် Mindfulness လုပ်ကြည့်ကြမယ်နော်။
တစ်ရက်မှာ ၅ မိနစ် Mindfulness လုပ်ရုံနဲ့ တဖြည်းဖြည်းငြိမ်းချမ်းပျော်ရွှင်မှုတွေရရှိလာပါလိမ့်မယ်။ ဒါကြောင့်
-အိပ်ရာနိုးနိုးချင်း တစ်မိနစ်ကို ဝင်သက်ထွက်သက်မှတ်ပါ။ တခြားဘာမှမတွေးပါနဲ့။
-အလုပ်မသွားခင်တစ်မိနစ် ဝင်သက်ထွက်သက်မှတ်ပါ။ ကြည်လင်ရွှင်လန်းတဲ့စိတ်နဲ့နေ့သစ်ကိုစတင်ပါ။
-အလုပ်မှာ ထမင်းစားချိန် တစ်မိနစ်ဝင်သက်ထွက်သက်မှတ်ပါ။ ပြီးမြောက်ခဲ့တဲ့အလုပ်တွေအတွက် ကိုယ့်ကိုယ်ကိုယ်ချီးကျူးပါ။ စိတ်ပင်ပန်းခဲ့ရတာတွေကို ဖြေလျှော့ပစ်လိုက်ပါ။
-အလုပ်ကနေအိမ်မပြန်ခင် တစ်မိနစ်ဝင်သက်ထွက်သက်မှတ်ပါ။ အလုပ်မှာဖြစ်ခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။ အိမ်ကိုရွှင်လန်းတဲ့စိတ်နဲ့ပြန်ပါ။
-အိပ်ရာမဝင်ခင် တစ်မိနစ်ဝင်သက်ထွက်သက်မှတ်ပါ။ ခန္ဓာကိုယ်ကိုရော စိတ်ကိုပါဖြေလျှော့ပစ်လိုက်ပြီး ငြိမ်းချမ်းစွာအိပ်စက်ပါ။
ဒီနည်းလမ်းလေးတွေအတိုင်းလိုက်နာကြည့်ပြီး တဖြည်းဖြည်းနဲ့ အိပ်ရာဝင်ချိန် အိပ်ရာထချိန်တွေမှာ Mindfulness ကိုတိုးသွားနိုင်ပါတယ်။
Mindfulness လုပ်ခြင်းရဲ့အကျိုးကိုယုံကြည်သူတွေအနေနဲ့ UFit ရဲ့ Mindfulness Series နဲ့လည်း ချိတ်ဆက်ကြည့်နိုင်ပါတယ်။ နေ့စဉ် Mindfulness Video လေးတွေနဲ့အတူလေ့ကျင့်ကြည့်ရင်း စိတ်ဖိစီးမှုကင်းဝေးသော၊ အောင်မြင်သော၊ ချမ်းမြေ့သောဘဝကိုပိုင်ဆိုင်နိုင်ပါပြီ။
Course Content
INSTRUCTOR: KHAING NYEIN
-
Introduction By Khaing nyein
05:49 -
Introduction to Yoga
16:00 -
Understanding Stress & Embracing Breath
23:20 -
Understanding Yoga Or Asana
24:45 -
Gratitude Grounding
19:53 -
Experience Yoga Flow
59:35