Ufit Myanmar Instructors

Khaing nyein
Yoga Teacher

Khaing nyein
Yoga Teacher
ဆရာမ ခိုင်ငြိမ်း ကတော့ ယောဂရဲ့ အနှစ်သာရတွေကို လက်တွေ့ဘဝနှင့်ချိတ်ဆက်ကာ ကိုယ်တိုင်အေးချမ်းစွာ ဘဝကိုဖြတ်သန်းလျက်ရှိပြီး The ULTIMATE Yoga Studioကိုတည်ထောင်ပြီး ယောဂရဲ့အနှစ်သာရတွေကို မျှဝေပေးနေတဲ့ ယောဂဆရာမတစ်ဦးဖြစ်ပါတယ်။
ဆရာမခိုင်ငြိမ်းသည် ၂၀၁၉ခုနှစ် ဧပြီလမှာ သာယာလှပတဲ့ Mandalayမြို့လေးမှာ The ULTIMATE Yoga Studio ကို စတင်တည်ထောင်ခဲ့ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ယောဂနှင့်သက်ဆိုင်သော အသိပညာများကို မျှဝေသင်တန်းပေးလျက်ရှိပါတယ်။ ဆရာမသည် စင်္ကာပူနိုင်ငံ၌ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်နေရင်း ၂၀၀၉ ခုနှစ်တွင် ယောဂကို စတင်ထိတွေ့လေ့ကျင့်ခဲ့ရာမှ ယောဂနှင့် နှလုံးသားခေါ်သံထပ်တူကျကာ ယောဂပညာလမ်းကြောင်းပေါ်ကို ထဲထဲဝင်ဝင်လျှောက်လှမ်းခဲ့သည်။ ဆရာမသည် ၂၀၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ ရှိ Pranashama Yoga Institute မှ ချီးမြှင့်တဲ့ ဘာလီကျွန်းမှာ နာရီ၃၀၀ ယောဂဆရာဖြစ်သင်တန်းကို ပညာသင်ဆုကို ဆွတ်ခူးကာ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဆရာမသည် ကျေးဇူးတရားမှတ်တမ်းပြုစုခြင်းနှင့် ယောဂနှင့်အတူစီးမျှောခြင်း၊ ကျေးဇူးတင်တန်ဖိုးထားခြင်း နှင့် မေတ္တာတရားတို့ကို နားလည်သိရှိ ကျင့်သုံးခြင်းအားဖြင့် မိမိဘဝရဲ့ အခြေခံ အုတ်မြစ်/ ရှင်သန်ခြင်းရဲ့ အခြေခံအုတ်မြစ် ခိုင်မာလာကာ ကောင်းဆိုး နှစ်တန် လောကဓံကို တည်ငြိမ် ငြိမ်းချမ်းစွာ ရင်ဆိုင်နိုင်သော သတ္တိ ခွန်အား ပြည့်စုံစေခြင်းဟာ ယောဂရဲ့ အနှစ်သာရ နှင့် ဘဝနေနည်း အနုပညာ ဖြစ်တယ်လို့ လေးလေးနက်နက် သက်ဝင် ယုံကြည်သူ တစ်ဦး ဖြစ်ပါတယ်။

မင်္ဂလာပါ
ကျွန်မနာမည် ကတော့ ခိုင်ဝသန်ဖြစ်ပါတယ်။ ကျွန်မက ကာတာ နိုင်ငံ, Doha မြို့မှာ ကျွန်မရဲ့ full time job ဖြစ်တဲ့ လေယာဉ်မယ်အလုပ်ကြောင့် အခုလက်ရှိနေထိုင်နေပါတယ်။ ကျွန်မ ယောဂ ကို လေ့ကျင့်သူ အဖြစ် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းကစိတ်ဝင်စားစွာလေ့ကျင့်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့ နှစ်နှစ် ၂၀၁၈ မတ်လမှာတော့ ဘာလီနိုင်ငံ Ubud မြို့မှာ , ယောဂဆရာဖြစ်သင်တန်း 200 Hrs RYT ကို နိုင်ငံ အနှံ့မှာ သင်တန်းများစွာနဲ့ Yoga Philosophy work shops ပေါင်းများစွာ ကို သင်ကြားမျှဝေပေးနေတဲ့ Mark Whitwell ရဲ့ Heart of Yoga ( HOY ) ကနေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ full time job ဖြစ်တဲ့ လေယာဉ်မယ် အလုပ်ကြောင့် ယောဂကို နေ့စဉ် လေ့ကျင့်သူ ( Practitioner ) အဖြစ်နဲ့ပဲ တစ်နှစ်ကျော်လောက်နေခဲ့ပါတယ်။
၂၀၁၉ နိုဝင်ဘာလမှာတော့ကျွန်မရဲ့ပိုမိုလေ့လာသင်ယူချင်တဲ့ စိတ်ဆန္ဒ, ယောဂဟာ ကျွန်မနှလုံးသားလေးနဲ့ ထပ်တူကျနေတာတွေကြောင့် နောက်ထပ် 200Hrs RYT ကို Onesong Yoga international ရဲ့ ပဲ့ကိုင်ရှင် Denise Payne ဆီမှာသင်ယူ ရရှိခဲ့ပါတယ်။ ဒီသင်တန်း အပြီးမှာတော့ ယောဂကို လေ့ကျင့်သူ အဖြစ်မှ ပြန်လည်မျှဝေ သင်ကြားသူ အဖြစ် အချိန်ပိုင်း ရပ်တည်ခဲ့ပါတယ်။
အခု အချိန်မှာတော့ လက်ရှိ အခြေအနေအရ online Zoom live Yoga session နဲ့ Heart Meditation တွေကို group session, one-one session လုပ်ပြီိးသင်ကြားမျှဝေပေးနေပါတယ်။ Blissful Mettā Flow ဆိုတဲ့ Page လေးမှာလည်းကျွန်မ သင်ယူရရှိထားတဲ့ Yoga Philosophy, Asana practice flow, Heart meditation တွေကို မျှဝေပေးနေပါတယ် ။ ကျွန်မ အတွက်တော့ ယောဂဟာ နှလုံးသားလေးနဲ့ ထပ်တူကျနေတဲ့ အတွက်တော့ ကျွန်မဘဝရဲ့ Passion ပါ။

Claire
Yoga Teacher

Claire
Yoga Teacher
Claire က London Metropolitan University မှ ကွန်ပျူတာနည်းပရာရပ်နဲ့ ဘွဲရရှိခဲ့ပြီး စင်္ကာပူ IT နယ်ပယ်မှာ ၁၀နှစ်ကြာအလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၇ခုနစ်မှာတော့ ငယ်ငယ်ကဖြစ်ပျက်ခဲ့တဲ့ ကိစ္စတစ်ချို့ကြောင့် PTSD (Post Traumatic Stress Disorder) လို့ခေါ်တဲ့ စိတ်ရောဂါ လက္ခာဏာ အမျိုးအစား တစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုအချိန်မှာပဲ Mindfulness နဲ့ ယောဂရဲ့ အထောက်အကူနဲ့ မိမိကိုယ်မိမိ ပြန်လည်ရှာဖွေတွေရှိခဲ့ပါတယ်။ ၂၀၁၇ခုနစ်မှစ Mindfulness နဲ့ Trauma-Informed Yoga ကိုစတင်လေ့လာခဲ့ပါတယ်။
၂၀၁၉ခုနစ် သြဂုတ်လမှာတော့ သူဝါသနာပါတဲ့ Mindfulness နဲ့ Trauma-Informed Yogaပညာနဲ့ သူလိုပဲ ခံစားခဲ့ဘူးတဲ့ သူတွေကိုကူညီရန် စင်္ကာပူမှ လက်ရှိလုပ်နေတဲ့ Project Manager အလုပ်ထွက်လိုက်ပါတယ်။
ယခုလက်ရှိအချိန်မှာတော့ Claire ဟာ Trauma-Informed Yoga နဲ့ Mindfulness ကိုသင်ကြားပေးနေပါတယ်။

Soe Yoga
Yoga Teacher

Soe Yoga
Yoga Teacher
ဟေမာ ( Soe Yoga) ကအချိန်ပြည့်သူနာပြုအလုပ်လုပ်ရင်းယောဂကိုတစ်စိုက်မတ်မတ်ကျင့်ဖြစ်ရာကနေပြီးယောဂဆရာသင်တန်းကို Nithya Priyan School Of Yoga မှာတက်ရောက်ခဲ့ပြီး RYT 200Hr certificate ကို၂၀၁၉ မှာရရှိခဲ့ပါတယ်။ လက်မှတ်ရပြီးတဲ့နောက်ယောဂကျင့်စဉ်များကိုသင်ယူသူအနေ(yoga student) နဲ့ရောမျှဝေသူ(yoga teacher)အနေနှင့်ပါလေ့လာခဲ့ပါတယ်။ ယောဂကိုမျှဝေရာတွင် asana ကျင့်စဉ် တစ်ခုထဲသာမကပဲ အသက်ရှုနည်း pranayama ၊ သတိရှိမှု mindfulness and awareness တွေကိုပါပူးပေါင်းပြီးကျင့်စေဖို့ အမြဲတိုက် တွန်းပြီးသင်ပေးလေ့ရှိပါတယ်။ လူတိုင်းရဲ့ယောဂခရီးစဉ်ကတစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပေမယ့်အားလုံးအတူတူလေ့ကျင့်နိုင်အောင် variation လေးတွေပေးပြီးမျှဝေပေးနိုင်ဖို့ကဟေမာ့ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။

Khin Thiri
Yoga Teacher

Khin Thiri
Yoga Teacher
ဆရာမ သီရိဟာ နာရီ ၂၀၀ Yoga Teacher Training ကို Marina Yoga Krabi, Thailand မှာတက်ရောက်လေ့လာခဲ့ပြီး နာရီ ၃၀၀ Yoga Teacher Training ကို India နိုင်ငံ Rishikesh မြို့ရှိ Yoga Vidya Mandiram ကျောင်းမှာတက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် Om Karah Yoga Mandiram တွင်လည်း Pregnancy Yoga Teacher Training ထပ်မံလေ့လာသင်ယူခဲ့ပါတယ်။ Yoga Alliance USA တွင် E-RYT 200 နှင့် RYT 500 အဖြစ်မှတ်ပုံတင်ထားပြီး လက်ရှိအနေနဲ့ Group Yoga Class, Private Yoga Class, Pre-natal Yoga Class တို့ကိုသင်ကြားပေးလျက်ရှိပါတယ်။

Shan Lar
Yoga Teacher

Shan Lar
Yoga Teacher
ဆရာမ ရှဲန်လာ က ၂၀၁၃ ခုနှစ်ကို ယောဂစတင်လေ့ကျင့်ခဲ့ပြီး ယောဂ ကို တကယ်လေးနက်စွာ စိတ်ဝင်စားပြီး ၂၀၁၄ မှာ ယောဂဆရာဖြစ်သင်တန်း နာရီ ၂၀၀ ကို အိန္ဒယနိုင်ငံ ( The Yoga Institute, Mumbai ) ကျောင်းမှတက်ရောက်ခဲ့ပါတယ်။ ၂၀၁၇ မှာတော့ ယောဂပညာကို လေးနက်စွာသင်ယူဖို့ စိတ်ဆန္ဒပြင်းထန်ပြီး နောက်ထပ်တစ်ခေါက် အိန္ဒယနိုင်ငံကို နာရီ ၂၀၀ Yoga Teacher Training ကို ( Mahi Yoga , Goa- Multi-Style Yoga) ထပ်မံလေ့လာသင်ယူခဲ့ပါတယ် ဆရာမ ရှဲန်လာကတော့ ယောဂပညာကို မျှဝေပေးတဲ့ဆန္ဒက Safety အဓိကထာပြီး injury မရအောင် နည်းစနစ်မှန်မှန်နဲ့သင်ချပေးတဲ့သူတစ်ဦးပါ။ ယောဂရဲ့အကျိုးကျေးဇူးတွေကို ကိုယ်တိုင်သိရှိခံစားရတဲ့အတွက် ယောဂရဲ့ အကျိုးကျေးဇူးတွေကို အများနဲ့လည်းမျှဝေလိုတဲ့ စေတနာပြင်းထန်သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ studio မှ Group Yoga, Corporate Yoga , Private Yoga နဲ့ Zoom Online Virtual Class တွေမှာ မျှဝေပေးနေပါတယ်။

Leo
Yoga Teacher

Leo
Yoga Teacher
Leo သည် တက္ကသိုလ်ပထမနှစ်ကတည်းက Yoga ကိုစိတ်ပါဝင်စားစွာလေ့လာသင်ယူခဲ့သူဖြစ်သည်။နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မသင်ယူဖြစ်ခဲ့သော်လည်းလွန်ခဲ့သော(၃)နှစ်မှစ၍ Yoga နယ်ပယ်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ထဲထဲဝင်ဝင်လေ့လာခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၊Rishikesh မြို့ရှိ World Peace Yoga schoolတွင် နာရီ ၂၀၀ယောဂဆရာဖြစ်သင်တန်း ကိုတက်ရောက်ထားသော instructor တစ်ဦးဖြစ်သည်။ မိမိသင်ကြားသမျှ အတန်းတိုင်းတွင် သင်တန်းသားများကို ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေးသာမက စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးကိုပါ အရေးထား၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနှင့်ဂရုစိုက်သင်ကြားပေးတတ်သူဖြစ်သည်။

Kyaw Soe
Yoga Teacher

Kyaw Soe
Yoga Teacher
ဆရာကျော်စိုးသည် မြန်မာနိုင်ငံတွင် Power Yoga ကိုစတင်အခြေချပေးခဲ့သူ၊ Wadi Light Power Yoga ကိုတည်ထောင်ခဲ့သူဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်မှစတင်၍ ကိုရီးယားနိုင်ငံ Power Balance Yoga centre ၌ယောဂပညာကိုသင်ကြားခဲ့ပြီး ထို့နောက်တွင်သင်တန်းများဖွင့်လှစ်ကာ ပြန်လည်သင်ကြားပေးခဲ့သည်။
မြန်မာနိုင်ငံတွင်မူ ၂၀၁၃ မှစ၍ Power Yoga ကိုသင်ကြားပေးခဲ့သည်။ နီပေါနိုင်ငံရှိ Himalayan Yogini Yoga Camp၊ အိန္ဒိယနိုင်ငံရှိ Everest Yoga Institute၊ ထိုင်းနိုင်ငံရှိ True Yoga Centreတို့တွင် ယောဂပညာကိုသင်ယူခဲ့သည်။ Yoga Ailliannce မှ နာရီ ၅၀၀၊နာရီ ၂၀၀ Eryt-Yecep ယောဂဆရာဖြစ်သင်တန်းအောင်လက်မှတ်ကိုရရှိခဲ့ပါသည်။ ထိုင်းနိုင်ငံရှိ Embrace Energy School တွင် Yoga Master အတန်းကိုဆက်လက်သင်ယူခဲ့သည်။ အိန္ဒိယနိုင်ငံ၌ Integrative Physical Medicine Treatment ကိုလေ့လာသင်ယူခဲ့ပြီး အရိုးအကြောခန္ဓာဗေဒဆိုင်ရာကုထုံးပညာဖြင့် ကုသပေးလျက်ရှိသည်။လက်ရှိတွင် အဆင့်မြင့်ယောဂကျင့်စဥ်သင်တန်းများ၊ workshop များကိုလည်း နယ်အနှံ့တွင်လှုပ်ရှားပြုလုပ်နေသည့်အပြင် နိုင်ငံတကာယောဂဆရာသင်တန်းများကိုလည်း သင်ကြားပေးလျက်ရှိပါသည်။

Elisha
Zumba Teacher

Elisha
Zumba Teacher
Elishaသည် မြန်မာနိုင်ငံတွင် Zumba Instructor သက်တမ်း(၁၀)နှစ်ရှိပြီဖြစ်သော၊ စိတ်အားထက်သန်သူ ဆရာတစ်ဦးဖြစ်ပါသည်။ Zumba၊ Dance Fitness၊ Strong by Zumba၊ Piloxing၊ Bounce Dance Fit နှင့် Urbanize အစရှိသည်တို့တွင် certificate ရရှိထားသော ဆရာတစ်ဦးဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းရှိအကသင်တန်းများ၊ အဖွဲ့လိုက်ကျန်းမာရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားနေသူဖြစ်သည်။ မိသားစုကိုပိုမိုအချိန်ပေးနိုင်ရန်အတွက် private groups များသီးသန့်သာ သင်ကြားပေးနေပါသည်။

Noel
Zumba Teacher

Noel
Zumba Teacher
Noel Myintသည် Zumba®, Urbanize® and Ustix® စသည်တို့တွင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိထားသော နည်းပြတစ်ဦးဖြစ်ပါသည်။ Paris မြို့တွင် ၉ နှစ်ကြာနေထိုင်ခဲ့ပြီး အကပညာကိုစိတ်ပါဝင်စားသဖြင့် အချိန်ပိုင်းလေ့လာခဲ့သည်။ မြန်မာ fitness နယ်ပယ်သို့ လွန်ခဲ့သော ၂နှစ်ကစတင်ဝင်ရောက်ခဲ့ကာ”Dancing leaves” Health Studioကို ဦးစီးတည်ထောင်ခဲ့သူ နည်းပြဆရာတစ်ဦးဖြစ်သည်။အချိန်တိုအတွင်းမှာပင် ထူးခြားပြောင်မြောက်သောလှုပ်ရှားမှုများဖြင့် fitness industry ကို ထိုးဖောက်နိုင်ခဲ့ပါသည်။ သင်တန်းသားများအားလုံး၏ စိတ်ဖိစီးမှုလျော့ပါးနိုင်ရေး၊ ကျန်းမာပျော်ရွှင်နိုင်ရေးကို အထူးအလေးထားပြီး နည်းပြပေးသူ ဆရာတစ်ဦးဖြစ်သည်။